Saturday, November 28, 2015

ရသေ့ကြီး ဦးခန္တီ၏ ငွေလုပ်စက်

ယခုဖော်ပြပါယတြာမှာ ငွေကြေးအတွက် အပူသောကရောက်နေသူများ၊ကြွေးတင်နေသူများ၊ငွေးကြေးအရေးတကြီး
လိုအပ်နေသူများ နှင့် လာဘ်လာဘရွှင်လန်းလိုသူများအတွက် ဖြစ်ပါသည်။

ထိုနည်းကို ရသေ့ကြီးဦးခန္တီ၏ ငွေလုပ်စက်ဟူ၍ပင် တင်စား ခေါ်ဝေါ်ကြကုန်၏။
ထိုနည်းကို ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ  ဘဏ်တွင် အပ်နှံထားသော ငွေများ လုံးဝ ပြန်ထုပ်ယူ၍ မရသော အချိန်တုန်းက
ထိုနည်းနှင့် အဘ ဆောင်ရွတ်ခဲ့ရာ ထူးခြားစွာ ပြန်လည်ရရှိခဲ့ပါသည်။
ပထမဦးစွာကြေးလင်ပန်းတစ်ခု ၊ကြေးစည်တစ်ခု ၀ယ်ယူပါ။ထို့နောက် ခုံတစ်လုံးပေါ်တွင် ပုလင်း သုံးလုံး တင်ပါ။

ထိုပုလင်းသုံးလုံးနှင့် ကြေးလင်ဗန်းကို ထိကပ်ထားရ၏။ ထိုနောက် အောက်ပါ ဂါထာတော်ကြီးကို အစမှ အဆုံးထိတိုင်အောင်
ရွက်ဆိုရ၏။
ဂါထာဆုံးသောအခါ ငွေရပါစေ-ငွေဝင်ပါစေဟု ပါးစပ်မှ ရွတ်ဆို ဆုတောင်းပါ။ထို့နောက် ကြေးစည်ကို တစ်ချက် တီးပါ။
ထို့နောက် ဂါထာပြန်ရွတ်ပါ။ ကြေးစည်ထပ်တီးပါ။ဆုတောင်းပါ။ ဤသို့ တစ်နေ့လျှင် အနည်းဆုံး (၂၇) ခေါက် တိတိ ရွတ်ဆိုပါလေ။

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယိ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟာမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

အထက်ပါ နည်းစနစ်ကို ငွေကြေးအတွက် ပူပင်သောက များနေသူများ၊ အကြွေးတင်နေသူများ၊ မိမိ ပိုက်ဆံ ပြန်တောင်းမရသူများ၊
ထီပေါက် ချဲပေါက် လာဘ်လာဘ ၀င်လိုသူများ၊ အစရှိသော ငွေကြေးနှင့် ပါတ်သက်သော အပူသောက ကြုံတွေ့နေသူများ
ဆောင်ရွက်သင့်ပါသည်။

အနီဃာဟောန္တု
ဟန်ထွန်းစိုး

Friday, November 27, 2015

ထီပေါက် ချဲပေါက် ကံပွင့်စေသောနည်း

အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့်ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။

ဂဏန်းဘုရားရှိခိုး

၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။

၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။

၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။

၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။

၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ

၏အရှင်ဘုရား။

၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှစ်ခိုးပါ၏အရှင် ဘုရား။

၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။

၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှစ်ခိုးပါ၏အရှင်ဘု ရား။

၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။

၁၀။ ဒဿကော- မဂ်လေးပါး၊ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို။ နမော-ရှစ်ခိုး ပါ၏အရှင်ဘုရား။

ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။

ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ဇယဂဏနံ။ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။

                                    အနီဃာဟောန္တု
                                     ဟန်ထွန်းစိုး