Wednesday, December 9, 2015
ကျိုက်ထီးရိုး ရွှေတိဂုံ ကက်ကင်းစမစေတီတော်
Saturday, November 28, 2015
ရသေ့ကြီး ဦးခန္တီ၏ ငွေလုပ်စက်
လိုအပ်နေသူများ နှင့် လာဘ်လာဘရွှင်လန်းလိုသူများအတွက် ဖြစ်ပါသည်။
ထိုနည်းကို ရသေ့ကြီးဦးခန္တီ၏ ငွေလုပ်စက်ဟူ၍ပင် တင်စား ခေါ်ဝေါ်ကြကုန်၏။
ထိုနည်းကို ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ ဘဏ်တွင် အပ်နှံထားသော ငွေများ လုံးဝ ပြန်ထုပ်ယူ၍ မရသော အချိန်တုန်းက
ထိုနည်းနှင့် အဘ ဆောင်ရွတ်ခဲ့ရာ ထူးခြားစွာ ပြန်လည်ရရှိခဲ့ပါသည်။
ထိုပုလင်းသုံးလုံးနှင့် ကြေးလင်ဗန်းကို ထိကပ်ထားရ၏။ ထိုနောက် အောက်ပါ ဂါထာတော်ကြီးကို အစမှ အဆုံးထိတိုင်အောင်
ရွက်ဆိုရ၏။
ဂါထာဆုံးသောအခါ ငွေရပါစေ-ငွေဝင်ပါစေဟု ပါးစပ်မှ ရွတ်ဆို ဆုတောင်းပါ။ထို့နောက် ကြေးစည်ကို တစ်ချက် တီးပါ။
ထို့နောက် ဂါထာပြန်ရွတ်ပါ။ ကြေးစည်ထပ်တီးပါ။ဆုတောင်းပါ။ ဤသို့ တစ်နေ့လျှင် အနည်းဆုံး (၂၇) ခေါက် တိတိ ရွတ်ဆိုပါလေ။
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယိ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟာမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။
ထီပေါက် ချဲပေါက် လာဘ်လာဘ ၀င်လိုသူများ၊ အစရှိသော ငွေကြေးနှင့် ပါတ်သက်သော အပူသောက ကြုံတွေ့နေသူများ
ဆောင်ရွက်သင့်ပါသည်။
ဟန်ထွန်းစိုး
Friday, November 27, 2015
ထီပေါက် ချဲပေါက် ကံပွင့်စေသောနည်း
အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့်ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။
ဂဏန်းဘုရားရှိခိုး
၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ
၏အရှင်ဘုရား။
၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှစ်ခိုးပါ၏အရှင် ဘုရား။
၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှစ်ခိုးပါ၏အရှင်ဘု ရား။
၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၁၀။ ဒဿကော- မဂ်လေးပါး၊ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို။ နမော-ရှစ်ခိုး ပါ၏အရှင်ဘုရား။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ဇယဂဏနံ။ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
Sunday, October 25, 2015
Thursday, October 22, 2015
Wednesday, October 21, 2015
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ
စိုင်ကော်လို့ ချုံပေါ်ရောက်
၎င်းဓာတ်ပန်းချီကား ပြီးတဲ့အခါမှာ မိမိရဲ့မိတ်ဆွေသင်္ဂဟများကို ဖိတ်ပြီ ကောက်ညှင်းပေါင်းကျွေးရပါမယ်။
ပြီးလျှင် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီမှာ အိမ်ဦးခန်း၊ဧည့်ခန်း စတဲ့ကောင်းမြတ်တဲ့ တစ်နေရာမှာ ကိုယ်တိုင်ချိတ်ဆွဲရမှာဖြစ်ပါတယ်။ချိတ်ဆွဲတဲ့အချိန်မှာတော့ ကိုယ့်မှာရှိတဲ့ ရတနာပစ္စည်းတွေ ထုတ်ဝတ်ရပါမယ်။မရှိရင်လည်း သူများဆီက ခဏငှားပြီးဝတ်ရမယ်။အဲဒီအချိန်ဟာ ရတနာပုံဓာတ်ဆိုက်တဲ့အချိန် ပါပဲ။
ပြီးတော့ ဓာတ်ပန်းချီကားအောက်မှာ စာတန်းတစ်ခုရေးရမယ်။ဥပမာ
တနင်္ဂနွေသား မောင်အေး
စိုင်ကော်လို့ ရတနာချုံကြီးပေါ် ရောက်ပြီ
မိတ်ဆွေအပေါင်း ဤနည်းအတိုင်း လှေနံဓားထစ် ဆောင်ရွက်ကြခြင်းဖြင့် စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပြီး စိုင်ကော်လို့ ရတနာချုံကြီးပေါ် အခန့်သားရောက်နိုင်ကြပါစေဗျာ။
Monday, October 19, 2015
Wednesday, October 7, 2015
အဘရာကာဒါဘရာ
ကျန်းမာရေးညံ့နေလျှင် ၊မကောင်းသည့်အစီအမံများနှင့် ပြုစားတိုက်ခိုက်ခံရသည်ဟု ခံစားရလျှင် ဤအဆောင်ကို ဆောင်ထားပါ။
ထူးထူးခြားခြားအစွမ်းပြပါလိမ့်မည်။
Tuesday, September 29, 2015
ဓာတ်မီးအိမ် လာဘ်မီးအိမ်
မိတ်ဆွေအပေါင်း လာဘ်လာဘရွှင်လန်းစေရန်အတွက် ဣစ္ဆာသယ လာဘ်မီးအိမ် ဓာတ်မီးအိမ်လေး ကိုတင်ပေးလိုက်ပါတယ်။
အိပ်ဆောင်အရွယ်ပြုလုပ်၍ ဆောင်ထားခြင်း၊ပုံကြီးချဲ့၍ အိမ်ဦးခန်း ဧည့်ခန်းတို့၌ချိတ်ဆွဲခြင်းဖြင့် လာဘ်လာဘများ ရွှင်လန်းကြပါစေဗျာ..
Sunday, September 27, 2015
အောင်စေပိုင်စေနိုင်စေ ဗေဒသာလာ မှ ကြိုဆိုပါ၏
ကျွန်တော်ခင်မင်သော လေးစားသော ကျွန်တော့်မိတ်ဆွေများအတွက် အဘမင်းသိင်္ခပေးသော ပညာအမွေဖြင့် ဗေဒင် blogလေးဖွင့်လှစ်ထားပါတယ်။
မိတ်ဆွေတို့အတွက် ဣဋ္ဌဖလ ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ...