Powered By Blogger
လိႈက္လွဲစြာႀကိဳဆိုပါ၏။
လိႈက္လွဲစြာႀကိဳဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
Sunday, September 1, 2019
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ စနေသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
စနေသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃ နှစ်တွင်
 ငွေဝင်ပေမယ့် အကုန်များနေမယ်။ ထွက်ငွေနဲ့ ဝင်ငွေမမျှဘဲ အကြွေးတင်တတ်ပါတယ်။ ငွေအတွက် စိုးရိမ်သောကများနေမယ်။ ဒီအတွက် ယတြာက လမ်းပေါ်ကခွေးများကို ကိတ်မုန့်ကျွေးပေးပါ။ ငွေကြေးအခက်အခဲ ကြုံက ဈေးထဲက ငါး(၁၀) ကောင် သို့မဟုတ် (၁၀)ကျပ်သားကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။
 ငွေဝင်မယ့် ယတြာလုပ်ပြီးရင် ထီထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်တွင်
 အထူးကောင်းတယ်။ ငွေအစုလိုက်အပုံလိုက် ဝင်မယ်။ အမွေရကိန်းရှိတယ်။
 ထီထိုးဖြစ်အောင် ထိုးပါ။ အကျိုးပေးဂဏန်း ၂၊ ၇၊ ဝ၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၈၊ ၁၅၊ ၁၆၊ ၂၃၊ ၂၄၊ ၃၁၊ ၃၂၊ ၃၉၊ ၄၀၊ ၄၇၊ ၄၈၊ ၅၅၊ ၅၆၊ ၆၃၊ ၆၄၊ ၇၁၊ ၇၂၊ ၇၉၊ ၈၀၊ ၈၇၊ ၈၈ နှစ်များတွင်
 မထင်မှတ်ဘဲငွေဝင်တတ်တယ်။ များများစားစားမဟုတ်ပေမယ့် ငွေကြေးနဲ့ပတ်သက်လို့ အခက်အခဲရှိတိုင်း အဆင်ပြေသွားပါမယ်။
 ထီပေါက်ကံပါပါတယ်။ အကျိုးပေးဂဏန်း ၅၊ ၇၊ ၀ ဖြစ်ပါတယ်။ ကြာသပတေး၊ စနေနံနဲ့ စသော ဆိုင် တွေမှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 အကုန်အကျများနေမယ်။ ကြွေးတင်တတ်တယ်။ ငွေအတွက် ပြဿနာဖြစ်တတ်ပါတယ်။ ယတြာကတော့ ငါးကိုပြုတ် ထမင်းနဲ့ရောနယ်ပြီး တခြားရပ်ကွက်က ခွေးတွေကို ကျွေးပါ။ ငွေကြေးအခက်အခဲ ကြုံက ဈေးထဲက ငါး(၁၀) ကောင် သို့မဟုတ် (၁၀)ကျပ်သားကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။ မကြာခဏလုပ်ပေးခြင်းဖြင့် ငွေဝင်ပါလိမ့် မယ်။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ ၁၊ ၆ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ သောကြာ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်များတွင်
 ရှိသမျှအကုန်ထုတ် ဆိုတဲ့ ကာလပါပဲ။ လာဘ်ပိတ်နေမယ်။ ငွေမဝင်သလောက်ဖြစ်နေမယ်။ ကြွေးတင်တဲ့ အချိန်ပါပဲ။  ဒီကာလမှာ ငွေကြေးအဆင်ပြေဖို့ အထူးဓာတ်ယတြာအနေနဲ့ မလတ်တဲ့ငါးတွေကိုပြုတ်၍ ထမင်းရော နယ်ပြီး ခွေးလေခွေးလွင့်တွေကိုကျွေးပါ။ ငွေအမြဲဝင်အောင် အမြဲကျွေး ပါ။ ငွေကြေးအကြပ်အတည်းဖြစ်က ကျောက်ခဲ ၂၅ခဲ  လမ်းမှာ ချိုင့်ဖြစ်နေတဲ့ နေရာတွေ ဖို့ပေးပါ။ ဈေးထဲက ငါးအရှင်တွေ တတ်နိုင်သလောက်ဝယ်ပြီး ရေရှင်မှာလွှတ်ပေးပါလေ။ အလှူခံတွေ့တိုင်း တတ်နိုင်သမျှ ငွေလှူပေးပါလေ။
 ငွေဝင်ရန် ယတြာလုပ်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၁၊ ၃ ဖြစ်ပါတယ်။ တနင်္ဂနွေ နဲ့ အင်္ဂါနံ အစပြုတဲ့ ဆိုင်တွေ မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ငွေကံကောင်းပါတယ်။ နှစ်နေရာက ငွေဝင်မယ်။ ငွေကုန်လိုက် ငွေဝင်လိုက် နဲ့ ငွေမပြတ်ဘဲရှိနေပါလိမ့်မယ်။
 ထီကံကောင်းတဲ့ ကာလဖြစ်တယ်။ ၂၊ ၄၊ ၈၊ ၉ ဂဏန်းများ အကျိုးပေးတယ်။ တနင်္လာ၊ ဗုဒ္ဓဟူးနံ စ သော ထီဆိုင်များမှာ ထိုးပါလေ။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 လူကံညံ့နေပေမယ့် ငွေကံကောင်းပါတယ်။ ငွေများများ ဝင်လာဖို့ရှိတယ်။
 ထီပေါက်ကံ ရှိပါတယ်။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေး ဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟနျထှနျးစိုးမြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
စနေသားသမီးများအတွက်
အနီဃာဟောန္တု
ဟန်ထွန်းစိုး
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ သောကြာသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
 ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ  သောကြာသားသမီးများအတွက်  ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
 မိတ်ဆွေရဲ့အသက် ၂၊ ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်တွင်
 မထင်မှတ်ဘဲ ငွေအစုလိုက်အပြုံလိုက် ဝင်တတ်တယ်။ သေချာပေါက်ရမယ်ဆိုတဲ့ ငွေတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတတ်ပါတယ်။
 ထီကံကောင်းပါတယ်။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်တွင်
 ငွေတွင်းနက်တယ်ဆိုတာ ဒီကာလမျိုးပါပဲ။ ငွေရှာဖွေရခက်တတ်ပါတယ်။ ဒါပေမယ့် ရှာလို့ရတဲ့ငွေက အဖတ်တင်မယ်။ စုဆောင်းမိမယ်။ အကျိုးရှိရှိသုံးနိုင်ပါမယ်။
 ထီထိုးဖြစ်အောင် ထိုးပါ။ အကျိုးပေးဂဏန်း ၂၊ ၇၊ ဝ၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၄၊ ၅၊ ၁၂၊ ၁၃၊ ၂၀၊ ၂၁၊ ၂၈၊ ၂၉၊ ၃၆၊ ၃၇၊ ၄၄၊ ၄၅၊ ၅၂၊ ၅၃၊ ၆၀၊ ၆၁၊ ၆၈၊ ၆၉၊ ၇၆၊ ၇၇၊ ၈၄၊ ၈၅ နှစ်များတွင်
 ငွေကြေးအဆင်မပြေတဲ့ကာလဖြစ်တယ်။ ကိုယ်က ရစရာရှိတာမရ၊ ပေးစရာရှိတာ မပေးနိုင်ဖြစ်နေမယ်။ ကြွေးတင်တတ်ပါတယ်။ လာဘ်ပိတ်နေမယ်။ ယတြာအနေနဲ့ လမ်းဘေးကခွေးတွေကို ငါးပြုတ်ပြီး ထမင်းနဲ့ ရောကျွေးပါ။ မကြာခဏ တစစ ငွေဝင်မယ်။ ငွေအခက်အခဲမရှိစေရန် ဈေးထဲက ငါးအရှင်ဝယ်ပြီး ရေရှင်မှာ လွှတ်ပေးပါ။ လမ်းကကျောက်ခဲတွေကောက်ပြီး ချိုင့်ဖြစ်နေတဲ့ နေရာတွေ ဖို့ပေးပါ။စေတနာထားလုပ်ပါက ငွေကြေးအခက်အခဲတွေ ပြေလည်ပါလိမ့်မယ်။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၅၊ ၇၊ ၀ ဖြစ်ပါတယ်။ ကြာသပတေး၊ စနေနံနဲ့ စသော ဆိုင် တွေမှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်များတွင်
 ငွေဝင်မယ်။ အကြွေးတွေရမယ်။ အဝေးကပို့လိုက်တဲ့ငွေတွေ ရတတ်ပါတယ်။
 ထီကံအလွန်ကောင်းတဲ့အတွက် ထီထိုးပါ။ ၁၊ ၆ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ သောကြာ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်များတွင်
 ငွေကြေးဆုံးရှုံးမှုများမယ်။ ငွေကုန်ကြေးကျများတတ်ပါတယ်။ သူတပါးငွေကြေးကိစ္စမှာ ကြားညပ်တတ် တယ်။ ဂရုစိုက်ပါ။ ယတြာအနေနဲ့ တနင်္လာနေ့ညနေမှာ မလတ်ဆတ်တဲ့ငါးတွေကို ပြုတ်ပြီး ထမင်းနဲ့နယ်၊ ငှက်ပျောရွက်ထဲထည့်ကာ လမ်းမှာတွေ့တဲ့ခွေးကို ကျွေးပါ။ ကျောက်ခဲတွေကောက်ပြီး လမ်းခင်းပေးပါ။ ဈေးရောင်း တဲ့ ငါးအရှင် (၁၀)ကျပ်သား ဝယ်ပြီး ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါလေ။
 ငွေဝင်ရန် ယတြာလုပ်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၁၊ ၃ ဖြစ်ပါတယ်။ တနင်္ဂနွေ နဲ့ အင်္ဂါနံ ဆိုင်တွေ မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ ၉၆ နှစ်များတွင်
 အလွန်ကောင်းတဲ့ကာလဖြစ်တယ်။ အဘက်ဘက်က ငွေဝင်လာမယ်။ ငွေကြေးနဲ့ပတ်သက်လို့ ပြည့်စုံတဲ့ ကာလပါပဲ။
 ထီကံပါသဖြင့် ၂၊ ၄၊ ၈၊ ၉ ဂဏန်းများ အစထား၍ ထိုးပါ။ ငွေဝင်ထီပေါက်စေတတ်၍ မကြာခဏ လှူပေးပါ။ အလှူအတန်း၊ မင်္ဂလာဆောင်သွားပါ။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 ငွေအတွက် ပူပန်ရမယ်။ အဝင်ထက် အထွက်များနေမယ်။ ယတြာအနေနဲ့ ငွေဝင်တိုင်း ငွေအချို့ကို သတ်သတ်ဖယ်ထားပြီး အိမ်ကိုရောက်လာတဲ့ အလှူခံများကို နည်းများမဆို လှူဒါန်းပေးပါလေ။
 ယတြာဆောင်ရွက်ပြီးပါက ထီးထိုးပါ။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန် နေ့သားသမီးအတွက် ဆက်လက်ဖော်ပြပါမည်။