Saturday, August 31, 2019
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
ကြာသပတေးသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂ နှစ်တွင်
 ငွေကံ အလွန်ညံ့ပါတယ်။ ကြွေးတင်မယ်။ ငွေအကြိမ်ကြိမ်ဆုံးရှုံးရတတ်တယ်။ လာဘ်ပိတ်နေမယ်။ ငွေဝင် စေရန် ခွေးလေခွေးလွင့်များကို မကြာခဏ ထမင်းကျန် ဟင်းကျန် ကျွေးပေးပါ။ ငွေအခက်အခဲ ရှိက ကျောက်ခဲ (၂၂) ခဲ ကောက်ပြီး လမ်းခင်းပေးပါ။ ဈေးထဲက ငါး (၁၀) ကောင်ဝယ်ပြီး ရေရှင်မှာ လွှတ်ပေးပါ။ မကြာခဏလုပ်ခြင်း ဖြင့် ငွေဝင်ပါမယ်။
 ငွေဝင်ရန် ယတြာချေပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံ အစပြုတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၇၇၊ ၈၅၊ ၉၃ နှစ်တွင်
 ကျန်းမာရေး တရှောင်ရှောင်ဖြစ်မယ်။ ငွေဝင်ပေမယ့် ကျန်းမာရေးညံ့ပြီး ရန်အတိုက်အခံများတယ်။ ဒါကြောင့် ယတြာအနေနဲ့ ပေါက်ပန်းဖြူ သို့မဟုတ် ပျဉ်းမတစ်တောင်ခန့်ကို လက်နဲ့ သက်စေ့ အပြန်အလှန်တောင် ၍ တိုင်းပါ။ ဗုဒ္ဓဟူးနေ့ ညမှာ ကိုယ်နဲ့ယှဉ်ပြီး အိပ်ပါ။ ကြာသပတေးနေ့ နံနက်မှာ မီးကင်၊ (၅)ပိုင်းပိုင်း၊ မြောက်အရပ်ကို (ငါ့မကောင်းဒဏ်နင်ခံ) ဆိုပြီး လွှင့်ပစ်လိုက်ပါ။ တစ်လတစ်ကြိမ်လောက် ပြုလုပ်ပေးပါ။
 ပြီးရင် အုတ်ခဲ (၁၂)ခဲ ချိုး၍ လမ်းခင်းပါ။ ဘုန်းကြီးကျောင်းမှာ အုန်းခြေသုတ်ခုံ လှူပါ။ အဲဒီယတြာတွေချေ ပြီးရင် ငွေနှစ်ဖက်နှစ်လမ်းက ၀င်မယ်။
 ငွေကံ ထီကံ အလွန်ကောင်းပါတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊  ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၆၊ ၇၊ ၁၄၊ ၁၅၊ ၂၂၊ ၂၃၊ ၃၀၊ ၃၁၊ ၃၈၊ ၃၉၊ ၄၆၊ ၄၇၊ ၅၄၊ ၅၅၊ ၆၂၊ ၆၃၊ ၇၀၊ ၇၁၊ ၇၈၊ ၇၉၊ ၈၆ ၊၈၇ နှစ်တွင်
 မထင်မှတ်ဘဲ ငွေဝင်တတ်တယ်။ ထီပေါက်တတ်တယ်။ လောင်းကစားအကျိုးပေးတယ်။ လုပ်နေကျ အလုပ်က ငွေမ၀င်ပေမယ့် တခြားက ၀င်မယ်။
 ထီကံပါသဖြင့် ထီထိုးပါ။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀ ၊ ၈၈ နှစ်များတွင်
 အကုန်အကျများမယ်။ ကြွေးတင်မယ်။ ငွေနဲ့ပတ်သက်ပြီး ကြီးကြီးမားမား အခက်အခဲ ကြုံမယ်။ ငွေကြေး ပြေလည်စေမယ့်ယတြာက ငါးပြုတ်၍ ထမင်းရောပြီး ခွေးလေခွေးလွင့်တွေကိုကျွေးပါ။ ငွေအမြဲဝင်အောင် အမြဲကျွေး ပါ။ ငွေကြေးအကြပ်အတည်းဖြစ်က ကျောက်ခဲတွေလမ်းကကောက်ပြီး လမ်းမှာ ချိုင့်ဖြစ်နေတဲ့ နေရာတွေ ဖို့ပေးပါ။ ဈေးထဲက ငါးအရှင်တွေ တတ်နိုင်သလောက်ဝယ်ပြီး ရေရှင်မှာလွှတ်ပေးပါလေ။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။  ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 မထင်မှတ်ဘဲ ငွေအစုလိုက်အပုံလိုက်ဝင်မယ်။ လောင်းကစားနဲ့ အကျိုးပေးတယ်။
 ထီကံကောင်းပါတယ်။ ဂဏန်းမရွေး၊ ထီဆိုင်မရွေးဘဲထိုးပါ။ သူများကို ထိုးခိုင်းပါ။
မိတ်ဆွေရဲ့အသက် ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်များတွင်
 ငွေဝင်ပေမယ့် အကုန်အကျများနေမယ်။ ငွေမစုဆောင်နိုင်တတ်ပါ။ ကြွေးတင်ပေမယ့် ပြန်ဆပ်နိုင်ပါလိမ့် မယ်။ လူအနေနဲ့ ကံဇာတာမကောင်းပါ။ စိတ်မတည်မငြိမ် ဖြစ်နေမယ်။ ဒါကြောင့် ယတြာအနေနဲ့ ပေါက်ပန်းဖြူ သို့မဟုတ် ပျဉ်းမတစ်တောင်ခန့်ကို လက်နဲ့ သက်စေ့ အပြန်အလှန်တောင် ၍ တိုင်းပါ။ ဗုဒ္ဓဟူးနေ့ ညမှာ ကိုယ်နဲ့ယှဉ်ပြီး အိပ်ပါ။ ကြာသပတေးနေ့ နံနက်မှာ ၅ ပိုင်းပိုင်းပြီး အရှေ့အရပ်ကို (ငါ့မကောင်းဒဏ်နင်ခံ) ဆိုပြီး လွှင့်ပစ်လိုက်ပါ။ စိတ်ညစ်တိုင်း၊ ကျန်းမာရေးညံ့တိုင်း လုပ်ပါ။ ငွေကြေးကိစ္စပါ အဆင်ပြေလာပါလိမ့်မယ်။
 ထီကံကောင်းပါတယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  ။ တနင်္လာနံ၊ ဗုဒ္ဓဟူးနံ စတဲ့ ထီဆိုင်မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ငွေအစုလိုက် အပုံလိုက်မ၀င်ပေမယ့် တဖြည်းဖြည်း ငွေဝင်ပါမယ်။ ငွေစုဆောင်းမိပါမယ်။
 ထီပေါက်နိုင်တယ်။ ထိုးရင် အိမ်နဲ့အနီးဆုံး  အင်္ဂါနံ၊ ကြာသပတေးနံ စတဲ့ ထီဆိုင် ထီထိုးပါ။ အကျိုးပေး ဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများအတွက် ဆက်လက်ဖော်ပြသွားပါမည်။
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ ဗုဒ္ဓဟူးသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
ဗုဒ္ဓဟူးသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆ နှစ်တွင်
 မမျှော်လင့်ဘဲ ငွေဝင်မယ်။ လောင်းကစားနဲ့ အကျိုးပေးတယ်။ ကိုယ်လိုတဲ့အချိန် ငွေမ၀င်ဘဲ ကိုယ်မလိုတဲ့ အချိန်မှ ငွေဝင်လိမ့်မယ်။ သူတပါးငွေကြေးကိစ္စတွေမှာ ကြားမ၀င်ပါနဲ့။
 ငွေလည်းဝင် ထီလည်းပေါက်ကိန်းရှိတယ်။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံ အစပြုတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇နှစ်တွင်
 ငွေကံ အထူးကောင်းတယ်။ ကျန်းမာရေးညံ့ပြီး စိတ်ညစ်ရပေမယ့် ငွေအစုလိုက်အပုံလိုက် ၀င်တတ်ပါတယ်။
 ငွေကံ ထီကံ အလွန်ကောင်းတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊  ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၈၊ ၉၊ ၁၆၊ ၁၇၊ ၂၄၊ ၂၅၊ ၃၂၊ ၃၃၊ ၄၀၊ ၄၁၊ ၄၈၊ ၄၉၊ ၅၆၊ ၅၇၊ ၆၄၊ ၆၅၊ ၇၂၊ ၇၃၊ ၈၀၊ ၈၁၊ ၈၈၊ ၈၉ နှစ်တွင်
 အဆင်မပြေပါ။ ငွေမ၀င်သလောက်ဖြစ်နေမယ်။ ကျန်းမာရေးအတွက်၊ သူတပါးကို ကူညီဖို့ အတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ ငွေအခက်အခဲတွေ့တဲ့ကာလဖြစ်ပါတယ်။  မကြာခဏငွေဝင်ရန် ယတြာက တော့ ငါးကိုပြုတ်ပြီး ထမင်းနဲ့ရောကာ ခွေးလေခွေးလွင့်တွေကို မကြာခဏ ကျွေးပေးပါ။ ငွေကြေးအခက်အခဲရှိက ဈေးထဲက သတ်အံ့ဆဲဆဲ ငါးများကို အသက်ကယ်တဲ့အနေနဲ့ ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။ မကြာခဏ လုပ် ပေးခြင်းဖြင့် ငွေကြေးအဆင်ပြေလာပါမယ်။
 ယတြာဆောင်ရွက်ပြီးရင် ထီထိုးနိုင်ပါတယ်။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂ နှစ်များတွင်
 ငွေဝင်တာထက် ထွက်တာများနေပါမယ်။ ငွေဝင်အောင် ဆင်းရဲသူ၊ တောင်းရမ်းသူများကို တတ်နိုင်သမျှ ငွေလှူပေးပါ။ အလှူခံတွေ့တိုင်း ငွေလှူပေးပါ။ ဒါက ငွေဝင်တဲ့ ယတြာဖြစ်ပါတယ်။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။  ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ရလိုက် ကုန်လိုက် ငွေကြေးအဆင်မပြေ ဖြစ်တတ်တယ်။ ကြွေးတင် ကြွေဆုံး တတ်တယ်။ ငွေဝင်စေဖို့ ယတြာက ငါး(၁၀) ကောင် ဘေးမဲ့လွှတ်ပေးပါ။ တနင်္လာနေ့ ညနေစောင်းမှာ လမ်းမှာတွေ့တဲ့ခွေးကို ပဲကြော် (၂) ချပ် ချကျွေးလိုက်ပါ။ မကြာခဏလုပ်ပါ။
 ယတြာပြုလုပ်ပြီးပါက ထီထိုးပါ။  ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄ နှစ်များတွင်
 ငွေကံကောင်းတယ်။ စီးပွားရေးလည်း အဆင်ပြေမယ်။ ငွေအလုံးအရင်း ၀င်မယ်။
 ထီကံကောင်းပါတယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  ။ တနင်္လာနံ၊ ဗုဒ္ဓဟူးနံ စတဲ့ ထီဆိုင်မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
 အ၀င်ထက် အထွက်ကများနေမယ်။ ဘေးအမြင်မှာ သူဋ္ဌေး၊ ဒါပေမယ့် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင် ခေါင်ကိန်း ဖြစ်နေမယ်။ ငွေဝင်လိုပါက ငါး (၂၂) ကောင် လွှတ်ပေးပါ။ အိမ်အနီးအနားက ခွေးတွေကို အစာကျွေးပါ။ တွေ့ရာအလှူခံကို ငွေလှူပါ။
 ထီကံရှိပါတယ်။ ထိုးရင် အိမ်နဲ့အနီးဆုံး  အင်္ဂါနံ၊ ကြာသပတေးနံ စတဲ့ ထီဆိုင် ထီထိုးပါ။ အကျိုးပေး ဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများအတွက် ဆက်လက်ဖော်ပြသွားပါမည်။
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ အင်္ဂါသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
အင်္ဂါသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်တွင်
 အလွန်ပင်ဆိုးပါတယ်။ ငွေမ၀င်သလို အကုန်အကျများမယ်။ ကြွေးတင်မယ်။ ငွေကြေးအခက်အခဲတွေ့မယ်။ ငွေကြေးအဆင်ပြေမယ့် ယတြာက မကြာခဏ ခွေးလေခွေးလွင့်များကို မလတ်တဲ့ငါးကို ပြုပ်ပြီး ထမင်းရောကျွေးပါ။ အိမ်ရှေ့အလှူခံလာတိုင်း ငွေကြေးလှူပါ။
 ယတြာဆောင်ရွက်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀ နှစ်တွင်
 ထီပေါက်ကံ အထူးရှိပါတယ်။ အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။ ငွေဝင်ရန် အထူးယတြာ ပင်မလိုပါ။
 ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊  ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၉၊ ၁၀၊ ၁၇၊ ၁၈၊ ၂၅၊ ၂၆၊ ၃၃၊ ၃၄၊ ၄၁၊ ၄၂၊ ၄၉၊ ၅၀၊ ၅၇၊ ၅၈၊ ၆၅၊ ၆၆၊ ၇၃၊ ၇၄၊ ၈၁၊ ၈၂ နှစ်တွင်
 ယတြာလုပ်ပြီးရင် ထီထိုးပါ။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ငွေကံမဆိုးပါ။ ငွေများများဝင်ပါလိမ့်မယ်။ ငွေအတွက် မပူရပါ။
 ငွေကံအထူးကောင်းပါသဖြင့် ထီပေါက်ကံ ရှိပါသည်။ အိမ်နဲ့ ခပ်ဝေးဝေးနေရာမှာ ရောင်းသော တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။  ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။
မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄ နှစ်များတွင်
 မထင်မှတ်ဘဲ ငွေဝင်မယ်။ ထီပေါက်မယ်။ လောင်းကစား အကျိုးပေးမယ်။ ပုံမှန်ဝင်ငွေဘက်က သိပ် မ၀င်တတ်ပါ။ ပုံမှန်ထက် လျော့နေပါမယ်။
 မထင်မှတ်ဘဲ ငွေဝင်တတ်သဖြင့် ထီကံကောင်းသူဖြစ်ပါတယ်။  ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
 ပင်ပင်ပန်းပန်း လုပ်ပြီး ငွေဝင်မယ်။ ၀င်တဲ့ငွေတွေက အဖတ်တင်ပြီး အကျိုးရှိရှိ သုံးရပါလိမ့်မယ်။ ကလေးတွေကို မုန့်ဖိုးမကြာခဏပေးပါ။
 ငွေကံကောင်းပါတယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  ။ ဒါပေမယ့် ဆိုင်မရွေး၊ ဂဏန်းမရွေး ထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၈၆ နှစ်များတွင်
 ငွေကံအထူးကောင်းတယ်။ မိဘကို ကောင်းကောင်းလုပ်ကျွေးပြုစုနိုင်တဲ့ အထိ ငွေဝင်မယ်။ သူတပါးငွေကိစ္စ တွေမှာ ကြားဝင်အာမ မခံပါနဲ့။ ခဏလာအပ်တဲ့ငွေ လက်မခံပါနဲ့။
 ငွေကံကောင်းတဲ့အတွက် ထီထိုးပါ။ ထိုးရင် အိမ်နဲ့အနီးဆုံး  ကြာသပတေးအမည်ပါတဲ့ ထီဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများကို ဆက်လက်တင်ပြပေးပါမည်။
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ တနင်္လာသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
တနင်္လာသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ နှစ်တွင်
 ဒီနှစ်မှာ အဆင်မပြေဖြစ်တတ်တယ်။ ၀င်ငွေ ထွက်ငွေ မမျှဖြစ်နေမယ်။ ငွေကြေးအနေကတော့ မကောင်းပါ။ ငွေကြေးအဆင်ပြေမယ့် ယတြာက မကြာခဏ ခွေးလေခွေးလွင့်များကို မလတ်တဲ့ငါးကို ပြုပ်ပြီး ထမင်းရောကျွေးပါ။ ကလေးများကို ကြက်သားဆန်ပြုပ်ကျွေးပါ။(မိမိမစားရပါ။)
 ယတြာဆောင်ရွက်ပြီးပါက ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိပါသည်။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်တွင်
 အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။ ထီပေါက်ကံ အထူးရှိပါတယ်။
 ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊ ၀၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၁၀၊ ၁၁၊ ၁၈၊ ၁၉၊ ၂၆၊ ၂၇၊ ၃၄၊ ၃၅၊ ၄၂၊ ၄၃၊ ၅၀၊ ၅၁၊ ၅၈၊ ၅၉၊ ၆၆၊ ၆၇၊ ၇၄၊ ၇၅၊ ၈၂၊ ၈၃၊ ၉၀၊ ၉၁ နှစ်တွင်
 မထင်မှတ်ဘဲ ငွေအစုလိုက်အပုံလိုက်ဝင်မယ်။ ထီပေါက်တတ်တယ်။ လောင်းကစား၊ ပွဲစားအလုပ်တွေကနေ ငွေဝင်မယ်။ ငွေဝင်သော်လည်း မစုဆောင်းမိတတ်ပါ။ ကြွေးကြီးကြီးမားမားတင်တတ်တယ်။ ပြေလည်သွားပါ လိမ့်မယ်။
 ထီပေါက်ရန် အလွန်ပင်နီးစပ်တယ်။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂ နှစ်များတွင်
 အဆင်မပြေဖြစ်မယ်။ အ၀င်ထက် အထွက်ပိုများနေမယ်။ ကြွေးတင်ပြီး ငွေကြေးအမှုအခင်းဖြစ်တတ်တယ်။ ငွေကြေးအဆင်ပြေရန် ယတြာမှာ ခွေးလေခွေးလွင့်များကို မကြာခဏ အစာကျွေးပေးပါ။ ငွေကြေးအခက်အခဲရှိက ငါး (၁၀) ကောင်ကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပါ။ လူအသွားအလာများတဲ့လမ်းက ချိုင့်ဖြစ်နေတဲ့နေရာတွေကို ကျောက်ခဲကောက်ပြီး လမ်းဖို့ပါ။ ကျောက်လမ်းခင်းပါ။ မကြာခဏ စေတနာပါပါ ဆောင်ရွက်ခြင်းဖြင့် ငွေရေးကြေးရေး အဆင်ပြေလာမယ်။
 ထီကံရှိသော်လည်း နည်းပါတယ်။ ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။ တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃ နှစ်များတွင်
 ငွေကြေး အကြိမ်ကြိမ် ဆုံးရှုံးတတ်ပါတယ်။ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုဖြစ်နေမယ်။ ငွေမ၀င် လာဘ်ပိတ်နေတတ်တဲ့ အချိန်မျိုးပါ။ ငွေကြေးအဆင်ပြေဖို့ ယတြာကတော့ မလတ်တဲ့ငါးတွေကို ပြုတ်ပြီး ထမင်းနဲ့ နယ်ကာ ငှက်ပျောရွက်တွင်ထည့်ပြီး လမ်းမှာတွေ့သောခွေးများကို မကြာခဏကျွေးပေးပါ။ ငါး (၁၀) ကောင်း သို့မဟုတ် (၁၀) သား ဘေးမဲ့လွှတ်ပေးပါလေ။
 ထီဝါသနာပါက ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။ သူတပါးအမည်နှင့် ထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၄ နှစ်များတွင်
 ငွေကံ အထူးကောင်းပါတယ်။ ငွေဝင်လာတိုင်း အလှူအကြီးအကျယ်လုပ်ပါ။ အလှူရှိရာသွားပါ။ ငွေဝင်လာ လိမ့်မယ်။ ငွေဝင်ရင် လှူပါ။ သုံးပါ။
 ငွေကံကောင်းသဖြင့် ထီပေါက်ခြင်း၊ ငွေဝင်ခြင်းများ မကြာခဏ ကြုံမယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  အစထား၍ ထိုးပါ။ ငွေဝင်ထီပေါက်စေတတ်၍ မကြာခဏ လှူပေးပါ။ အလှူအတန်း၊ မင်္ဂလာဆောင်သွားပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်များတွင်
 အခက်အခဲတွေ့တဲ့ ကာလဖြစ်တယ်။ ကိုယ်ပိုင်ငွေကြေးတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ပတ်ဝန်းကျင်ကခွေးတွေကို မလတ်တဲ့ငါးတွေကို ပြုတ်၊ ထမင်းနဲ့ရောနယ်ပြီး မကြာခဏ ကျွေးပါ။ တောင်းရမ်းသူ တွေကို ငွေ မကြာခဏလှူဒါန်းခြင်းဖြင့် ငွေကြေးအဆင်ပြေပါလိမ့်မယ်။
 ယတြာလုပ်ပြီးပါက ထီထိုးနိုင်ပါတယ်။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများကို ဆက်လက်ဖော်ပြပါမည်။
၁၃၈၁ ခုနှစ်အတွက် တနင်္ဂနွေ သားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
တနင်္ဂနွေသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်တွင်
မထင်မှတ်ဘဲ ငွေအစုလိုက်အပြုံလိုက် ၀င်တတ်တယ်။ ထီပေါက်တတ်တယ်။ လောင်းကစားအကျိုးပေး တယ်။
ထီပေါက်ရန် ငွေအစုလိုက် အပုံလိုက် ၀င်ရန်ရှိပါသဖြင့် ထီထိုးဖြစ်အောင် ထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၂၊ ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်တွင်
အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။
ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊ ၀၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်တွင်
ငွေကြေးအခက်ကြုံရမယ်။ ကြွေးတင်မယ်။ ငွေကြေးပြဿနာတက်မယ်။ ယတြာ ကတော့ မလတ်ဆတ်တဲ့ ငါးတွေကို ပြုတ်ပြီး ထမင်းနဲ့နယ်ကာ ခွေးလေခွေးလွင့်တွေကို ကျွေးပါ။ ကျောက်ခဲလမ်းခင်းပါ။ မကြာခဏလုပ်ခြင်း ဖြင့် ငွေကြေးပြေလည်လာမယ်။ ဒီကာလမှာ ထီပေါက်ကိန်းနဲ့ မနီးစပ်ပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
ငွေရေးကြေးရေး အဆင်ပြေပါတယ်။ ငွေဝင်ပြီး အဖတ်မတင်တတ်ပါ။
ထီ ဝါသနာပါလို့ ထိုးမယ်ဆိုရင် ၁ အစ၊ ၆ အဆုံး၊ ၆ အစ ၁ အဆုံး ထိုးပေးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်များတွင်
မထင်မှတ်ဘဲ ငွေဝင်သလို ထီဆုကြီးကြီး မဟုတ်သော်လည်း ထီပေါက်ကိန်းရှိတယ်။ အလှူလုပ်ပါ။ အလှူ ခံတွေ့တိုင်း ငွေလှူပေးပါ။
ထီပေါက်နိုင်၍ ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်များတွင်
ငွေဝင်သလောက် ကုန်တတ်တယ်။ ဒါကြောင့် ဒီကာလမှာ ကုန်မှာမကြောက်နဲ့။ ကုန်သလောက်ငွေ ၀င်ပါ လိမ့်မယ်။
ထီကံပါသဖြင့် ၂၊ ၄၊ ၈၊ ၉ ဂဏန်းများ အစထား၍ ထိုးပါ။ ငွေဝင်ထီပေါက်စေတတ်၍ မကြာခဏ လှူပေးပါ။ အလှူအတန်း၊ မင်္ဂလာဆောင်သွားပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ ၉၆ နှစ်များတွင်
အခက်အခဲ မရှိပါ။ အခက်အခဲရှိပါကလည်း အဆင်ပြေသွားပါလိမ့်မယ်။ အခက်အခဲ အဆင်ပြေစေရန် အိမ်သို့ အလှူခံသူတိုင်းကို ငွေကြေးလှူဒါန်းခြင်းဖြင့် ငွေဝင်နိုင်ပါတယ်။
ထီကံကောင်း၍ ထီထိုးဖို့ မမေ့ပါနဲ့။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများအတွက် ဆက်လက်တင်ပေးသွားပါမည်။