Saturday, August 31, 2019

၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ ဗုဒ္ဓဟူးသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ

မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
ဗုဒ္ဓဟူးသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ



မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆ နှစ်တွင်
 မမျှော်လင့်ဘဲ ငွေဝင်မယ်။ လောင်းကစားနဲ့ အကျိုးပေးတယ်။ ကိုယ်လိုတဲ့အချိန် ငွေမ၀င်ဘဲ ကိုယ်မလိုတဲ့ အချိန်မှ ငွေဝင်လိမ့်မယ်။ သူတပါးငွေကြေးကိစ္စတွေမှာ ကြားမ၀င်ပါနဲ့။
 ငွေလည်းဝင် ထီလည်းပေါက်ကိန်းရှိတယ်။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံ အစပြုတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။

မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇နှစ်တွင်
 ငွေကံ အထူးကောင်းတယ်။ ကျန်းမာရေးညံ့ပြီး စိတ်ညစ်ရပေမယ့် ငွေအစုလိုက်အပုံလိုက် ၀င်တတ်ပါတယ်။
 ငွေကံ ထီကံ အလွန်ကောင်းတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊  ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။

မိတ်ဆွေရဲ့အသက် ၈၊ ၉၊ ၁၆၊ ၁၇၊ ၂၄၊ ၂၅၊ ၃၂၊ ၃၃၊ ၄၀၊ ၄၁၊ ၄၈၊ ၄၉၊ ၅၆၊ ၅၇၊ ၆၄၊ ၆၅၊ ၇၂၊ ၇၃၊ ၈၀၊ ၈၁၊ ၈၈၊ ၈၉ နှစ်တွင်
 အဆင်မပြေပါ။ ငွေမ၀င်သလောက်ဖြစ်နေမယ်။ ကျန်းမာရေးအတွက်၊ သူတပါးကို ကူညီဖို့ အတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ ငွေအခက်အခဲတွေ့တဲ့ကာလဖြစ်ပါတယ်။  မကြာခဏငွေဝင်ရန် ယတြာက တော့ ငါးကိုပြုတ်ပြီး ထမင်းနဲ့ရောကာ ခွေးလေခွေးလွင့်တွေကို မကြာခဏ ကျွေးပေးပါ။ ငွေကြေးအခက်အခဲရှိက ဈေးထဲက သတ်အံ့ဆဲဆဲ ငါးများကို အသက်ကယ်တဲ့အနေနဲ့ ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။ မကြာခဏ လုပ် ပေးခြင်းဖြင့် ငွေကြေးအဆင်ပြေလာပါမယ်။
 ယတြာဆောင်ရွက်ပြီးရင် ထီထိုးနိုင်ပါတယ်။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။

မိတ်ဆွေရဲ့အသက် ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂ နှစ်များတွင်
 ငွေဝင်တာထက် ထွက်တာများနေပါမယ်။ ငွေဝင်အောင် ဆင်းရဲသူ၊ တောင်းရမ်းသူများကို တတ်နိုင်သမျှ ငွေလှူပေးပါ။ အလှူခံတွေ့တိုင်း ငွေလှူပေးပါ။ ဒါက ငွေဝင်တဲ့ ယတြာဖြစ်ပါတယ်။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။  ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။
 
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ရလိုက် ကုန်လိုက် ငွေကြေးအဆင်မပြေ ဖြစ်တတ်တယ်။ ကြွေးတင် ကြွေဆုံး တတ်တယ်။ ငွေဝင်စေဖို့ ယတြာက ငါး(၁၀) ကောင် ဘေးမဲ့လွှတ်ပေးပါ။ တနင်္လာနေ့ ညနေစောင်းမှာ လမ်းမှာတွေ့တဲ့ခွေးကို ပဲကြော် (၂) ချပ် ချကျွေးလိုက်ပါ။ မကြာခဏလုပ်ပါ။
 ယတြာပြုလုပ်ပြီးပါက ထီထိုးပါ။  ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။

မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄ နှစ်များတွင်
 ငွေကံကောင်းတယ်။ စီးပွားရေးလည်း အဆင်ပြေမယ်။ ငွေအလုံးအရင်း ၀င်မယ်။
 ထီကံကောင်းပါတယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  ။ တနင်္လာနံ၊ ဗုဒ္ဓဟူးနံ စတဲ့ ထီဆိုင်မှာ ထိုးပါ။

မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
 အ၀င်ထက် အထွက်ကများနေမယ်။ ဘေးအမြင်မှာ သူဋ္ဌေး၊ ဒါပေမယ့် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင် ခေါင်ကိန်း ဖြစ်နေမယ်။ ငွေဝင်လိုပါက ငါး (၂၂) ကောင် လွှတ်ပေးပါ။ အိမ်အနီးအနားက ခွေးတွေကို အစာကျွေးပါ။ တွေ့ရာအလှူခံကို ငွေလှူပါ။
 ထီကံရှိပါတယ်။ ထိုးရင် အိမ်နဲ့အနီးဆုံး  အင်္ဂါနံ၊ ကြာသပတေးနံ စတဲ့ ထီဆိုင် ထီထိုးပါ။ အကျိုးပေး ဂဏန်းက ၃၊ ၅ ပါခင်ဗျာ။

အနီဃာဟောန္တု
ဟန်ထွန်းစိုး

ကျန်နေ့သားသမီးများအတွက် ဆက်လက်ဖော်ပြသွားပါမည်။

No comments:

Post a Comment