မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
အင်္ဂါသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်တွင်
အလွန်ပင်ဆိုးပါတယ်။ ငွေမ၀င်သလို အကုန်အကျများမယ်။ ကြွေးတင်မယ်။ ငွေကြေးအခက်အခဲတွေ့မယ်။ ငွေကြေးအဆင်ပြေမယ့် ယတြာက မကြာခဏ ခွေးလေခွေးလွင့်များကို မလတ်တဲ့ငါးကို ပြုပ်ပြီး ထမင်းရောကျွေးပါ။ အိမ်ရှေ့အလှူခံလာတိုင်း ငွေကြေးလှူပါ။
ယတြာဆောင်ရွက်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀ နှစ်တွင်
ထီပေါက်ကံ အထူးရှိပါတယ်။ အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။ ငွေဝင်ရန် အထူးယတြာ ပင်မလိုပါ။
ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၉၊ ၁၀၊ ၁၇၊ ၁၈၊ ၂၅၊ ၂၆၊ ၃၃၊ ၃၄၊ ၄၁၊ ၄၂၊ ၄၉၊ ၅၀၊ ၅၇၊ ၅၈၊ ၆၅၊ ၆၆၊ ၇၃၊ ၇၄၊ ၈၁၊ ၈၂ နှစ်တွင်
ဝင်ငွေ၊ ထွက်ငွေ မမျှ ဖြစ်နေမယ်။ ထွက်ငွေက များမယ်။ ငွေကြေးအတွက် ပူပင်နေရတတ်တယ်။ အခက်အခဲတွေ့မယ်။ ငွေကြေးအဆင်ပြေမယ့် ယတြာကတော့ ငါးရိုး၊ ကြက်ရိုးတွေကိုပြုတ်ပြီး ထမင်းနဲ့ရောကာ ခွေးလေခွေးလွင့်တွေကို မကြာခဏ ကျွေးပေးပါ။ ကျောက်ခဲတွေကောက်ပြီး ချိုင့်ဖြစ်နေတဲ့ နေရာတွေ ဖို့ပေးပါ။ မကြာခဏ လုပ်ပေးခြင်းဖြင့် ငွေကြေးအဆင်ပြေလာပါမယ်။
ယတြာလုပ်ပြီးရင် ထီထိုးပါ။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
ငွေကံမဆိုးပါ။ ငွေများများဝင်ပါလိမ့်မယ်။ ငွေအတွက် မပူရပါ။
ငွေကံအထူးကောင်းပါသဖြင့် ထီပေါက်ကံ ရှိပါသည်။ အိမ်နဲ့ ခပ်ဝေးဝေးနေရာမှာ ရောင်းသော တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။ ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။
မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄ နှစ်များတွင်
မထင်မှတ်ဘဲ ငွေဝင်မယ်။ ထီပေါက်မယ်။ လောင်းကစား အကျိုးပေးမယ်။ ပုံမှန်ဝင်ငွေဘက်က သိပ် မ၀င်တတ်ပါ။ ပုံမှန်ထက် လျော့နေပါမယ်။
မထင်မှတ်ဘဲ ငွေဝင်တတ်သဖြင့် ထီကံကောင်းသူဖြစ်ပါတယ်။ ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
ပင်ပင်ပန်းပန်း လုပ်ပြီး ငွေဝင်မယ်။ ၀င်တဲ့ငွေတွေက အဖတ်တင်ပြီး အကျိုးရှိရှိ သုံးရပါလိမ့်မယ်။ ကလေးတွေကို မုန့်ဖိုးမကြာခဏပေးပါ။
ငွေကံကောင်းပါတယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉ ။ ဒါပေမယ့် ဆိုင်မရွေး၊ ဂဏန်းမရွေး ထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၈၆ နှစ်များတွင်
ငွေကံအထူးကောင်းတယ်။ မိဘကို ကောင်းကောင်းလုပ်ကျွေးပြုစုနိုင်တဲ့ အထိ ငွေဝင်မယ်။ သူတပါးငွေကိစ္စ တွေမှာ ကြားဝင်အာမ မခံပါနဲ့။ ခဏလာအပ်တဲ့ငွေ လက်မခံပါနဲ့။
ငွေကံကောင်းတဲ့အတွက် ထီထိုးပါ။ ထိုးရင် အိမ်နဲ့အနီးဆုံး ကြာသပတေးအမည်ပါတဲ့ ထီဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများကို ဆက်လက်တင်ပြပေးပါမည်။

No comments:
Post a Comment