Sunday, September 1, 2019
၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ စနေသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
စနေသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃ နှစ်တွင်
 ငွေဝင်ပေမယ့် အကုန်များနေမယ်။ ထွက်ငွေနဲ့ ဝင်ငွေမမျှဘဲ အကြွေးတင်တတ်ပါတယ်။ ငွေအတွက် စိုးရိမ်သောကများနေမယ်။ ဒီအတွက် ယတြာက လမ်းပေါ်ကခွေးများကို ကိတ်မုန့်ကျွေးပေးပါ။ ငွေကြေးအခက်အခဲ ကြုံက ဈေးထဲက ငါး(၁၀) ကောင် သို့မဟုတ် (၁၀)ကျပ်သားကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။
 ငွေဝင်မယ့် ယတြာလုပ်ပြီးရင် ထီထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်တွင်
 အထူးကောင်းတယ်။ ငွေအစုလိုက်အပုံလိုက် ဝင်မယ်။ အမွေရကိန်းရှိတယ်။
 ထီထိုးဖြစ်အောင် ထိုးပါ။ အကျိုးပေးဂဏန်း ၂၊ ၇၊ ဝ၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံ အစပြုတဲ့ ဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၈၊ ၁၅၊ ၁၆၊ ၂၃၊ ၂၄၊ ၃၁၊ ၃၂၊ ၃၉၊ ၄၀၊ ၄၇၊ ၄၈၊ ၅၅၊ ၅၆၊ ၆၃၊ ၆၄၊ ၇၁၊ ၇၂၊ ၇၉၊ ၈၀၊ ၈၇၊ ၈၈ နှစ်များတွင်
 မထင်မှတ်ဘဲငွေဝင်တတ်တယ်။ များများစားစားမဟုတ်ပေမယ့် ငွေကြေးနဲ့ပတ်သက်လို့ အခက်အခဲရှိတိုင်း အဆင်ပြေသွားပါမယ်။
 ထီပေါက်ကံပါပါတယ်။ အကျိုးပေးဂဏန်း ၅၊ ၇၊ ၀ ဖြစ်ပါတယ်။ ကြာသပတေး၊ စနေနံနဲ့ စသော ဆိုင် တွေမှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 အကုန်အကျများနေမယ်။ ကြွေးတင်တတ်တယ်။ ငွေအတွက် ပြဿနာဖြစ်တတ်ပါတယ်။ ယတြာကတော့ ငါးကိုပြုတ် ထမင်းနဲ့ရောနယ်ပြီး တခြားရပ်ကွက်က ခွေးတွေကို ကျွေးပါ။ ငွေကြေးအခက်အခဲ ကြုံက ဈေးထဲက ငါး(၁၀) ကောင် သို့မဟုတ် (၁၀)ကျပ်သားကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပေးပါ။ မကြာခဏလုပ်ပေးခြင်းဖြင့် ငွေဝင်ပါလိမ့် မယ်။
 ယတြာလုပ်ပြီးပါက ထီထိုးပါ။ ၁၊ ၆ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ သောကြာ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်များတွင်
 ရှိသမျှအကုန်ထုတ် ဆိုတဲ့ ကာလပါပဲ။ လာဘ်ပိတ်နေမယ်။ ငွေမဝင်သလောက်ဖြစ်နေမယ်။ ကြွေးတင်တဲ့ အချိန်ပါပဲ။  ဒီကာလမှာ ငွေကြေးအဆင်ပြေဖို့ အထူးဓာတ်ယတြာအနေနဲ့ မလတ်တဲ့ငါးတွေကိုပြုတ်၍ ထမင်းရော နယ်ပြီး ခွေးလေခွေးလွင့်တွေကိုကျွေးပါ။ ငွေအမြဲဝင်အောင် အမြဲကျွေး ပါ။ ငွေကြေးအကြပ်အတည်းဖြစ်က ကျောက်ခဲ ၂၅ခဲ  လမ်းမှာ ချိုင့်ဖြစ်နေတဲ့ နေရာတွေ ဖို့ပေးပါ။ ဈေးထဲက ငါးအရှင်တွေ တတ်နိုင်သလောက်ဝယ်ပြီး ရေရှင်မှာလွှတ်ပေးပါလေ။ အလှူခံတွေ့တိုင်း တတ်နိုင်သမျှ ငွေလှူပေးပါလေ။
 ငွေဝင်ရန် ယတြာလုပ်ပြီးပါက ထီထိုးပါ။ အကျိုးပေးဂဏန်း ၁၊ ၃ ဖြစ်ပါတယ်။ တနင်္ဂနွေ နဲ့ အင်္ဂါနံ အစပြုတဲ့ ဆိုင်တွေ မှာ ထိုးပါ။
မိတ်ဆွေရဲ့အသက် ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်များတွင်
 ငွေကံကောင်းပါတယ်။ နှစ်နေရာက ငွေဝင်မယ်။ ငွေကုန်လိုက် ငွေဝင်လိုက် နဲ့ ငွေမပြတ်ဘဲရှိနေပါလိမ့်မယ်။
 ထီကံကောင်းတဲ့ ကာလဖြစ်တယ်။ ၂၊ ၄၊ ၈၊ ၉ ဂဏန်းများ အကျိုးပေးတယ်။ တနင်္လာ၊ ဗုဒ္ဓဟူးနံ စ သော ထီဆိုင်များမှာ ထိုးပါလေ။
မိတ်ဆွေရဲ့အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်များတွင်
 လူကံညံ့နေပေမယ့် ငွေကံကောင်းပါတယ်။ ငွေများများ ဝင်လာဖို့ရှိတယ်။
 ထီပေါက်ကံ ရှိပါတယ်။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေး ဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟနျထှနျးစိုးမြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
စနေသားသမီးများအတွက်
အနီဃာဟောန္တု
ဟန်ထွန်းစိုး
No comments:
Post a Comment