Powered By Blogger

လိႈက္လွဲစြာႀကိဳဆိုပါ၏။

လိႈက္လွဲစြာႀကိဳဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, January 1, 2020

နှစ်သစ်ကူးလက်ဆောင်

နှစ်သစ်ကူး လက်ဆောင်

   ဘဝမှာ အကြိုက်ဆုံးပုံပြင်တစ်ပုဒ်က လူတစ်ယောက်အကြောင်းပါ။ တစ်နေ့တော့ ဒီလူဟာ လမ်းလျှောက်နေရင်းနဲ့ လမ်းမှာ ဥတစ်လုံးကိုတွေ့တယ်။ လင်းယုန်ငှက်ရဲ့ဥ။ သူဟာ ဥကို ကောက်ယူလိုက် တယ်။ ပြီးတော့ထားလိုက်တယ်။ ဝပ်ကျင်းတစ်ခုထဲကို။ ကြက်ခြံထဲက ဝပ်ကျင်းထဲကို ထားလိုက်ပါတယ်။
    သိပ်မကြာခင် လင်းယုန်လေးပေါက်လာပါတယ်။ ကြက်တွေနဲ့ အတူတူ သူတို့နဲ့ ကြီးလာခဲ့တာပေါ့။ ဆိုတော့ သူ့တစ်ဘဝလုံး အဲဒီလင်းယုန်ဟာ ကြက်တွေလုပ်သမျှ လိုက်လုပ်တယ်။ သူဟာ မြေတေွကို ယက် တယ်။ ရှာစားတာတွေက တီကောင်တွေ၊ ပိုးကောင်တွေ၊ သူပျံသေးတယ်။ မြေကြီးနဲ့ ကိုယ်လုံးလွတ်ရုံ လောက်ကလေး။ ကြက်တွေလိုလေ။ အတောင်တွေခတ်လို့။ အချိန်တွေကြာလာတဲ့အခါ ဒီလင်းယုန်ဟာ အသက်ကြီးလာတယ်။
    တစ်နေ့မှာ ကောင်းကင်မှာ တစ်ခုခုကို တွေ့လိုက်တယ်။ အဲဒီအကောင်ဟာ လေဟုန်တွေစီးနေတာ ကြည့်ကောင်းလွန်း၊ ခန့်ညားလွန်းတယ်။ တိမ်တွေကိုဖြတ်ပြီးတော့။ 
    "ဟာ.. ဘာကောင်လဲ ? "  လင်းယုန်ကမေးတယ်။ " အော်.. ဒါလား .. ဒါ လင်းယုန်လေ.." ကြက်တစ်ကောင် ကဖြေတယ်။ 
    " သူဟာ ငှက်တကာတို့ရဲ့ ဘုရင်ပဲ.. မိုးပျံဝိဇ္ဇာတစ်ကောင်ပေါ့.. ဒါပေမယ့် ငါတို့က မြေကြီးနဲ့ပဲ ဆိုင်တယ်.. ဘာလို့လဲဆိုတော့ တို့တတွေဟာ သာမန်ကြက်တွေလေ.. သွားစိတ်မဝင်စားစမ်းပါနဲ့ကွာ… မင်းဘယ်တော့မှ သူ့လိုဖြစ်လာမှာ မဟုတ်ဘူး… "
    အဲဒီ လင်းယုန်ဟာ နောက်ဆုံး ကြက်တစ်ကောင်လိုပဲ သေသွားရရှာတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ကြက်လို့ ခံယူသွားခဲ့တာကိုး..
    ဒီနှစ်သစ်ဟာ စပြီးတော့ ပျံရမယ့်အချိန်.. ခင်ဗျားရော ကျုပ်ရော သိတယ်။ ကျုပ်တို့ ခုရောက်နေတဲ့ နေရာနဲ့ ကျုပ်တို့ မအပ်စပ်ဘူး။ ခင်ဗျားလည်း အခုအပေါင်းအသင်းတွေ ဘေးကလူတွေနဲ့ ပေါင်းရတာ အဆင်မပြေဘူး။ အလုပ်မဟုတ်ဘူး။ ခုလုပ်နေတာတွေ အားလုံးပဲ။ ခင်ဗျား ကြက်ဖြစ်နေတာ။ လင်းယုန် အဖြစ် မွေးလာတာကို မေ့နေတာ။ 
    ဒီတော့ မေးစရာရှိလာပြီ… ဘယ်လောက်ကြာဦးမှာလဲ ? ဆုံးဖြတ်ချက်ချဖို့ကို၊ ပြောင်းလဲလာဖို့ကို၊ သတ္တိရှိပြဖို့ကို၊ အကျင့်စရိုက်တွေ ပြင်ဖို့ကို… အဲဒီ ဝေါဟာရ " အကျင့်စရိုက်" ဆိုတာ ရယ်ရတယ်။ သိလား.. အကျင့်စရိုက်ဆိုတာ ဆုံးဖြတ်ချက်တစ်ခု အကောင်းအထည်ပေါ်လာတာ၊ ပူပူနွေးနွေးအချိန်ကို မတရား ကျော်လွန်ပြီးတော့မှ ဖြစ်လာတာ၊ ထပ်ပြောမယ်နော်… တချို့သေချာမကြားလိုက်မှာ စိုးလို့ .. အကျင့်စရိုက် ဆိုတာ ဆုံးဖြတ်ချက်တစ်ခု အကောင်အထည်ပေါ်လာတာ၊ ပူပူနွေးနွေးအချိန်ကို မတရားကျော်လွန် ပြီးတော့မှ ဖြစ်လာတာ၊ 
    ခင်ဗျားတို့ လုပ်ချင်တဲ့ကိစ္စတွေ သွေးပူနေတုန်း ခုချက်ချင်း ထလုပ်ချင်တာတွေ လုပ်တယ် နှစ်ပတ်လောက်၊ ပြီးရင် မေ့သွားပြီ၊ မနှစ်က အချိုးတွေ၊ မနှစ်ရဲ့ မနှစ်က အချိုးတွေ၊ 
    ခင်ဗျား ဝိတ်ကျချင်တယ်၊ ဗလတောင့်ချင်တယ်၊ အလုပ်တစ်ခု စလုပ်ချင်တယ်၊ ဘာသာရေး သေချာလိုက်စားချင်တယ်၊ ပြီးရင် ကောက်ရိုးမီး၊ ပါတီတက်မယ်၊ ပျော်ပါးမယ်၊ သောက်စားမူးယစ်မယ်၊ နင်းကန်စားမယ်၊ ပြီးတော့ ဒီအဆင့်အတန်းမှာပဲ ဆက်နေသွားမယ်၊ ကိုယ်နေချင်တဲ့အဆင့်ရဲ့ အောက် တစ်ဆင့်မှာ။ 
    ဒါဟာ အပြစ်ဆိုလည်း ဟုတ်တယ်၊ အကုသိုလ်တွေလေ။ နိုးနိုးနိုး နိုးနိုးနိုး…. ကျုပ်က ဘာသာရေးသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကို ဘုရားကျောင်း ခနခေါ်သွားမယ်၊ ကြည့်.. ဒီမှာ .. Sin ဆင်းန် ဆိုတဲ့ အပြစ်ဟာ.. ကြည့် အဲဒီ အပြစ်ဆိုတာ ဂရိစကား ဆင်းန် ကနေ ဆင်းသက်လာတာ။ မြှားပစ်သမားရဲ့ ဝေါဟာရ။ အဓိပ္ပါယ်က လွဲသွားခြင်း တဲ့ .. ကိုယ့်ရဲ့ ပစ်မှတ်ကနေ…
    ဘဝရဲ့ အကြီးမားဆုံး အပြစ်ဟာ ပြစ်မှတ်လွဲတာပဲ.. မဖြစ်လာတာ.. ကိုယ်ဖြစ်သင့်တဲ့ လူတစ်ယောက် အနေနဲ့ ကြက်ဖြစ်နေရရှာတဲ့ လင်းယုန်ပဲ..
    ခင်ဗျားတို့သိမလားတော့ မပြောတတ်ဘူး… အင်း .. လူကြီးတွေပြောပြလိမ့်မယ်။ အီကရက်စ် ရဲ့ ပုံပြင်။ တော်တော်များများ သိကြမယ် ထင်တယ်။ အီကရက်စ်ဆိုတဲ့ လူမှာ အတောင်တွေရှိတယ်။ ဖယောင်းနဲ့လုပ်ထားတဲ့ အတောင်တွေ။ သူ့အဖေက သတိပေးထားတယ် အရမ်းမြင့်မြင့်မှာ မပျံနဲ့။ မဟုတ်ရင် နေအပူရှိန်ကြောင့် အတောင်တွေ အရည်ပျော်မယ်။ 
    ဆိုတော့ ဘာဖြစ်လဲ? အီကရက်စ်က ဇွတ်တရွတ်ပဲ။ အမြင့်ကြီးကို ရအောင် ပျံသွားတယ်။ နေအပူကြောင့် အတောင်တွေ အရည်ပျော်လာတယ်။ ပြီးတော့ ဘုန်း... မြေကြီးပေါ်ပြုတ်ကျ သေတာပဲ။ 
    ဒါပေမယ့် အဲဒါပုံပြင် အပြည့်အစုံမဟုတ်သေးဘူး..။ နိုးနိုးနိုး အဆက်ရှိသေးတာ မသိဘူးမှတ်လား..။ ဒီလိုတဲ့… အီကရက်စ်ရဲ့ အဖေက သူ့ကို ဘာပါ မှာခဲ့ဖူးသလဲဆိုတော့ အနိုမ့်ဆုံးမှာ ပျံသန်းတာရောပဲ..။ သူပြောတယ်.. ပင်လယ်ရေပေါ်ကနေ ရှပ်မပျံနဲ့… အောက်ကိုဆွဲနေတဲ့ ကိုယ်အလေးချိန်ကြောင့် ရေထဲကို ပြုတ်ကျတတ်တယ်..။ 
    ဟုတ်လား.. ကျုပ်တို့အားလုံး ဇွတ်မလုပ်ရမှန်း သိကြပါတယ်..။ ကျုပ်တို့ အများစုပေါ့ဗျာ..။ ဒါပေမယ့် ဘယ်သူသိသလဲ? ကိုယ့်ကိုယ်ကို အရမ်းမနိုမ့်ချရဘူးဆိုတာ… အရမ်း အောက်မကျို့ရဘူး.. အရမ်းမကြောက် ရဘူး.. အရမ်းမရှက်ရဘူး.. အရမ်းမငြိမ်ရဘူး ဆိုတာတွေ…။
    ဆိုရိုးစကားလေးရှိတယ်..။ ဘဝမှာ ကံဆိုးမိုးမှောင် အကျဆုံးလူဆိုတာ အမြင့်ဆုံးကိုမှန်းပြီးမှ မထိသွားတဲ့ လူတွေမဟုတ်ဘူး..။ အနိုမ့်ဆုံးကို မှန်းပြီးတော့ ထိသွားတဲ့ လူတွေပဲဖြစ်တယ်…။ 
    ကျုပ် လူအများကြီးတွေ့ဖူးတယ်။ ဖေ့ဘုတ်ပေါ်မှာ အများကြီး..။ အင်စတာဂရမ် မှာရောပဲ..။ သူငယ်ချင်းတွေ မခံနိုင်အောင် စတယ်..။ တဟားဟားနဲ့… ဒါဟာ ဒီကောင် မခံနိုင်တဲ့နေရာ.. ငါတို့စမယ်ဆို ပြီး ဝိုင်းစကြတယ်.. ဒါပေမယ့် ကျုပ်သိပ်မတွေ့တာက လူတော်တော်များများ မစတတ်တဲ့ တခြားနေရာ..။ ခံနိုင်တဲ့နေရာ (ကျေနပ်နေတဲ့နေရာ Comfot Zome ) .. မီးမ်တွေ လုပ်ပြောင်တာ မရှိဘူး…။ ဟာသတေွ မရှိ ဘူး။ ဘာလို့လဲ သိလား...။ 
    ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံးနီးပါးက အဲဒီထဲမှာကိုး… ဆိုတော့ ဒီနှစ်သစ်မှာ ကျေနပ်နေ တဲ့နေရာ Comfot Zome လေးတွေကနေ ထွက်ကြမယ်… ကံကြမ္မာဟာ ရဲရင့်သူကို မျက်နှာသာပေးတယ်.. ပြီးတော့ ဂူဆိုတာ ကျုပ်တို့ဝင်ရမှာ အကြောက်ဆုံးနေရာ..။ အဲဒီ ကျုပ်တို့ကြောက်တဲ့ ဂူအတွင်းမှာ ရတနာ သေတ္တာရှိတယ်..။ ခင်ဗျား လိုချင်တဲ့ အရာရှိတယ်..။ 
    နှစ်သစ်မှာ လုပ်ချင်တဲ့ ကိစ္စတွေ ဆိုတာကို မေ့လိုက်စမ်းပါ..။ ခေါက်ထားလိုက်..။ ဘဝသစ်တစ်ခုကို တကယ်လုပ်မယ်..။ ဆုံးဖြတ်ချက်တွေချပါ။ အပြည့်အဝ အမှန်အကန်ကို ခင်ဗျားရဲ့ ဘဝသစ်..။ ခင်ဗျားမှာ ဘာအိမ်မက်တွေရှိလဲ.. ကျုပ်မသိဘူး..။ ဒါပေမယ့် ကျုပ်အာမခံနိုင်တယ်..။ အခုဆေးရုံမှာ တက်နေတဲ့ လူတစ် ယောက်ယောက်ဟာ ဆုတောင်းနေတယ်..။ သေလောက်အောင် ဆုတောင်းနေတယ်..။ ဘာလို့လဲဆိုတော့ လိုချင်လို့..။ ခုခင်ဗျားမှာ ရှိနေတဲ့ (ကျန်းမာရေးကောင်းတဲ့) အခွင့်အရေးလိုမျိုး ။ မဖြုန်းပစ်ပါနဲ့..။ 
    အခုအချိန် … အခုအချိန်ဟာ ပြောင်းရမယ့် အချိန်..။ မထင်မရှားအဆင့်ကနေ ထင်ရှားကျော်ကြားတဲ့ အဆင့်ထိကို .. အခုအချိန်ဟာ ပြောင်းရမယ့် အချိန်.. ဖယ်ထုတ်ခံရတဲ့ ဘဝကနေ လက်မလွှတ်နိုင်တဲ့ ဘဝထိ ကို.. အခုအချိန်ဟာ ပျံသန်းရမယ့် အချိန်.. လင်းယုန်ဆန်ပြရမယ့် အချိန်ဖြစ်တယ်.. မဟုတ်ပဲနဲ့ ခင်ဗျား အတောင်ခတ်နေဦးမလို့လား….. ကြက်တွေကြားထဲမှာ..

အနီဃာဟောန္တု
ဟန်ထွန်းစိုး
၂၀.၁၂.၂၀၁၉

အွန်လိုင်းဗွီဒီယိုတစ်ခုကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

No comments:

Post a Comment