Powered By Blogger

လှိုက်လှဲစွာကြိုဆိုပါ၏။

လှိုက်လှဲစွာကြိုဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, October 21, 2015

ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ

အဘမင်းသိင်္ခ ပြောဖူးတဲ့ ဓာတ်ဆင်နည်းပါ။ဝိဇ္ဇာဝပြော ဓာတ်ဘိသိတ် ပညာဆိုပါတော့။ဝိဇ္ဇာကြီးတွေဟာ ၇ ရက်သားသမီး အတွက်ဝပြောစည်ပင်အောင် ဓာတ်ဆင်ပေးလေ့ရှိပါတယ်။

ဖော်ပြထားတဲ့ ဓာတ်ပန်းချီကားမှာ ဆေးအပြာနဲ့ စာသပ်သပ်ရေးရပါတယ်။ရေးရမယ့်စာက ဥပမာ တနင်္လာသမီး မခိုင်အတွက် ဒီဓာတ်ကိုဆင်တယ်ဆိုပါစို့-

"တနင်္လာသမီး မခိုင် ဆီကိုရေချိုးနေပုံ၊ တနင်္လာသမီး မခိုင် ဆေးရိုးမီးလှုံနေပုံ၊ တနင်္လာသမီး မခိုင်ရဲ့ အိမ်ရှေ့မှာ စပါးတောင်ပုံရာပုံရှိနေပုံ" ဆိုတဲ့ စာတွေကို ရေးရပါမယ်။

အဲဒီလိုရေးပြီး ဘယ်လပြည့်ဖြစ်ဖြစ် လပြည့်နေ့နံနက်၁၀နာရီမှာ ဒီပုံကို ချိတ်ဆွဲရပါတယ်။

စိုင်ကော်လို့ ချုံပေါ်ရောက်

အဘမင်းသိင်္ခရဲ့ ကြီးပွားချမ်းသာစေမည့် ဓာတ်ဘိသိတ် ယတြာအစီအရင်ကြီး ဖြစ်ပါတယ်။၎င်းဓာတ်ပန်းချီကို နီးစပ်ရာ ကွန်ပြူတာဆိုင်တွင် ပရင့်ထုတ်၍ဖြစ်စေ၊ ဗီနိုင်းဆိုင်တွင်ဖြစ်စေ အပ်နှံရပါမယ်။အပ်ရမယ့်နေ့ကတော့ အင်္ဂါနေ့ ဖြစ်ပါတယ်။ပြန်လည်ရွေးယူရမည့်နေ့မှာ တနင်္လာနေ့ ဖြစ်ပါတယ်။

 ၎င်းဓာတ်ပန်းချီကား ပြီးတဲ့အခါမှာ မိမိရဲ့မိတ်ဆွေသင်္ဂဟများကို ဖိတ်ပြီ ကောက်ညှင်းပေါင်းကျွေးရပါမယ်။

ပြီးလျှင် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီမှာ အိမ်ဦးခန်း၊ဧည့်ခန်း စတဲ့ကောင်းမြတ်တဲ့ တစ်နေရာမှာ ကိုယ်တိုင်ချိတ်ဆွဲရမှာဖြစ်ပါတယ်။ချိတ်ဆွဲတဲ့အချိန်မှာတော့ ကိုယ့်မှာရှိတဲ့ ရတနာပစ္စည်းတွေ ထုတ်ဝတ်ရပါမယ်။မရှိရင်လည်း သူများဆီက ခဏငှားပြီးဝတ်ရမယ်။အဲဒီအချိန်ဟာ ရတနာပုံဓာတ်ဆိုက်တဲ့အချိန် ပါပဲ။

ပြီးတော့ ဓာတ်ပန်းချီကားအောက်မှာ စာတန်းတစ်ခုရေးရမယ်။ဥပမာ
တနင်္ဂနွေသား မောင်အေးက ဒီဓာတ်ကို ဆင်တယ်ဆိုပါစို့။ဒီလိုရေးရပါမယ်

                                  တနင်္ဂနွေသား မောင်အေး

                   စိုင်ကော်လို့    ရတနာချုံကြီးပေါ်   ရောက်ပြီ


 မိတ်ဆွေအပေါင်း ဤနည်းအတိုင်း လှေနံဓားထစ် ဆောင်ရွက်ကြခြင်းဖြင့် စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပြီး စိုင်ကော်လို့ ရတနာချုံကြီးပေါ် အခန့်သားရောက်နိုင်ကြပါစေဗျာ။

                  

Wednesday, October 7, 2015

အဘရာကာဒါဘရာ

ကျန်းမာရေးညံ့နေလျှင် ၊မကောင်းသည့်အစီအမံများနှင့် ပြုစားတိုက်ခိုက်ခံရသည်ဟု ခံစားရလျှင် ဤအဆောင်ကို ဆောင်ထားပါ။

ထူးထူးခြားခြားအစွမ်းပြပါလိမ့်မည်။