Powered By Blogger

လှိုက်လှဲစွာကြိုဆိုပါ၏။

လှိုက်လှဲစွာကြိုဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Sunday, June 26, 2016

အကြွေးမြန်မြန်ကြေစေဖို့ ယတြာလုပ်ကြစို့



အကြွေးသံသရာတွင် နစ်မြုတ်နေလျှင်
••••••••••••••••••••••••••••••••

မိတ်ဆွေတို့တွင် ...မြုပ်နေသော ငွေကြေး ၊
အကြွေးပတ်လည်ဝိုင်းနေတာ အဆင်ပြေဖို့ ၊
စီးပွားရေးလုပ်ငန်းများ ပြန်ပေါ်လာ၊ ပြန်လည် ဦးမော့လာဖို့အတွက် .... ရှေးဆရာ အစဉ်
အဆက် ကုန်ဘောင်ခေတ် ကတည်းက
လက်ဆင့်ကမ်း အသုံးပြုလာခဲ့သော
ဓာတ်ယတြာ နည်းတစ်ခုဖြစ်သည်။

မုန့်လုံးရေပေါ်-ဆယ်ယတြာပြုလုပ်နည်း
------------------------------

( မုန့်လုံးရေပေါ်က အိုးထဲထည့်ကာစမှာ မြုပ်
  နေတယ်။ ကျက်မှ ပြန်ပေါ်လာတဲ့ အတွက်  
  မြုပ်နေတဲ့အရာတွေ ပြန်ပေါ်လာစေတတ်တဲ့
  ဓာတ်သဘောပဲ ဖြစ်ပါတယ် )

သင်၏ရောက်ဆဲ အသက်ကို (၄)ဖြင့် မြှောက်ပါ။
ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။
ထိုအထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို မွေးနေ့ နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်
လှူပါ။

သင်၏အသက်ကို (၇) ဖြင့်စားပါ။

၁ ကြွင်းလျှင်… တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
၂ ကြွင်းလျှင် … တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် … အင်္ဂါနေ့တွင် ပြုလုပ်ပါ။
၎ ကြွင်းလျှင် … ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
၅ ကြွင်းလျှင် … ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
၆ ကြွင်းလျှင် … သောကြာတွင် ပြုလုပ်ပါ။
ဝ ကြွင်းလျှင် ... စနေနေ့တွင် ပြုလုပ်ပါ။

မုန့်လုံးရေပေါ် (၁၀) လုံးတိတိကို မြတ်စွာဘုရား
အား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီး
နားချင်းများ အားပေးဝေလိုက်ပါ~~~