Powered By Blogger

လှိုက်လှဲစွာကြိုဆိုပါ၏။

လှိုက်လှဲစွာကြိုဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Saturday, August 31, 2019

၁၃၈၁ ခုနှစ်အတွက် တနင်္ဂနွေ သားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ

မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
တနင်္ဂနွေသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ


မိတ်ဆွေရဲ့အသက် ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်တွင်
မထင်မှတ်ဘဲ ငွေအစုလိုက်အပြုံလိုက် ၀င်တတ်တယ်။ ထီပေါက်တတ်တယ်။ လောင်းကစားအကျိုးပေး တယ်။
ထီပေါက်ရန် ငွေအစုလိုက် အပုံလိုက် ၀င်ရန်ရှိပါသဖြင့် ထီထိုးဖြစ်အောင် ထိုးပါ။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၂၊ ၁၀၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်တွင်
အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။
ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊ ၀၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။
မိတ်ဆွေရဲ့အသက် ၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ နှစ်တွင်
ငွေကြေးအခက်ကြုံရမယ်။ ကြွေးတင်မယ်။ ငွေကြေးပြဿနာတက်မယ်။ ယတြာ ကတော့ မလတ်ဆတ်တဲ့ ငါးတွေကို ပြုတ်ပြီး ထမင်းနဲ့နယ်ကာ ခွေးလေခွေးလွင့်တွေကို ကျွေးပါ။ ကျောက်ခဲလမ်းခင်းပါ။ မကြာခဏလုပ်ခြင်း ဖြင့် ငွေကြေးပြေလည်လာမယ်။ ဒီကာလမှာ ထီပေါက်ကိန်းနဲ့ မနီးစပ်ပါ။
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅ နှစ်များတွင်
ငွေရေးကြေးရေး အဆင်ပြေပါတယ်။ ငွေဝင်ပြီး အဖတ်မတင်တတ်ပါ။
ထီ ဝါသနာပါလို့ ထိုးမယ်ဆိုရင် ၁ အစ၊ ၆ အဆုံး၊ ၆ အစ ၁ အဆုံး ထိုးပေးပါ။
မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်များတွင်
မထင်မှတ်ဘဲ ငွေဝင်သလို ထီဆုကြီးကြီး မဟုတ်သော်လည်း ထီပေါက်ကိန်းရှိတယ်။ အလှူလုပ်ပါ။ အလှူ ခံတွေ့တိုင်း ငွေလှူပေးပါ။
ထီပေါက်နိုင်၍ ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။
မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်များတွင်
ငွေဝင်သလောက် ကုန်တတ်တယ်။ ဒါကြောင့် ဒီကာလမှာ ကုန်မှာမကြောက်နဲ့။ ကုန်သလောက်ငွေ ၀င်ပါ လိမ့်မယ်။
ထီကံပါသဖြင့် ၂၊ ၄၊ ၈၊ ၉ ဂဏန်းများ အစထား၍ ထိုးပါ။ ငွေဝင်ထီပေါက်စေတတ်၍ မကြာခဏ လှူပေးပါ။ အလှူအတန်း၊ မင်္ဂလာဆောင်သွားပါ။
မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ ၉၆ နှစ်များတွင်
အခက်အခဲ မရှိပါ။ အခက်အခဲရှိပါကလည်း အဆင်ပြေသွားပါလိမ့်မယ်။ အခက်အခဲ အဆင်ပြေစေရန် အိမ်သို့ အလှူခံသူတိုင်းကို ငွေကြေးလှူဒါန်းခြင်းဖြင့် ငွေဝင်နိုင်ပါတယ်။
ထီကံကောင်း၍ ထီထိုးဖို့ မမေ့ပါနဲ့။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။
အနီဃာဟောန္တု
ဟန်ထွန်းစိုး
ကျန်နေ့သားသမီးများအတွက် ဆက်လက်တင်ပေးသွားပါမည်။

No comments:

Post a Comment