Powered By Blogger

လှိုက်လှဲစွာကြိုဆိုပါ၏။

လှိုက်လှဲစွာကြိုဆိုပါ၏။
၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Saturday, August 31, 2019

မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ တနင်္လာသားသမီးများအတွက် ငွေရေးကြေးရေး နှင့် ထီပေါက်ကံ

မြန်မာနှစ် ၁၃၈၁ ခုနှစ်အတွက် တစ်နှစ်တာ
တနင်္လာသားသမီးများအတွက်
ငွေရေးကြေးရေး နှင့် ထီပေါက်ကံ



မိတ်ဆွေရဲ့အသက် ၈၊ ၁၆၊ ၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ နှစ်တွင်
 ဒီနှစ်မှာ အဆင်မပြေဖြစ်တတ်တယ်။ ၀င်ငွေ ထွက်ငွေ မမျှဖြစ်နေမယ်။ ငွေကြေးအနေကတော့ မကောင်းပါ။ ငွေကြေးအဆင်ပြေမယ့် ယတြာက မကြာခဏ ခွေးလေခွေးလွင့်များကို မလတ်တဲ့ငါးကို ပြုပ်ပြီး ထမင်းရောကျွေးပါ။ ကလေးများကို ကြက်သားဆန်ပြုပ်ကျွေးပါ။(မိမိမစားရပါ။)
 ယတြာဆောင်ရွက်ပြီးပါက ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိပါသည်။ အကျိုးပေးဂဏန်း ၄၊ ၆၊ ၈ အစ သို့မဟုတ် အဆုံးထား၍ ထီထိုးပါ။ သောကြာနံ၊ ဗုဒ္ဓဟူးနံပါတဲ့ ထီဆိုင်တွေမှာ ထီထိုးပါ။

မိတ်ဆွေရဲ့အသက် ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉ နှစ်တွင်
 အလွန်ကံကောင်းပြီး အစုလိုက်အပုံလိုက်ဝင်မယ်။ ထီပေါက်ကံ အထူးရှိပါတယ်။
 ငွေဝင်ကိန်း၊ ထီပေါက်ကိန်း ရှိတယ်။ အကျိုးပေးဂဏန်း ၂၊ ၇၊ ၀၊ ၉ တွေကို ထီဂဏန်းအစ၊ အဆုံး ထားပါ။ တနင်္လာနံ၊ စနေနံပါတဲ့ ဆိုင်တွေမှာ ထီထိုးရမယ်။

မိတ်ဆွေရဲ့အသက် ၁၀၊ ၁၁၊ ၁၈၊ ၁၉၊ ၂၆၊ ၂၇၊ ၃၄၊ ၃၅၊ ၄၂၊ ၄၃၊ ၅၀၊ ၅၁၊ ၅၈၊ ၅၉၊ ၆၆၊ ၆၇၊ ၇၄၊ ၇၅၊ ၈၂၊ ၈၃၊ ၉၀၊ ၉၁ နှစ်တွင်
 မထင်မှတ်ဘဲ ငွေအစုလိုက်အပုံလိုက်ဝင်မယ်။ ထီပေါက်တတ်တယ်။ လောင်းကစား၊ ပွဲစားအလုပ်တွေကနေ ငွေဝင်မယ်။ ငွေဝင်သော်လည်း မစုဆောင်းမိတတ်ပါ။ ကြွေးကြီးကြီးမားမားတင်တတ်တယ်။ ပြေလည်သွားပါ လိမ့်မယ်။
 ထီပေါက်ရန် အလွန်ပင်နီးစပ်တယ်။ ၅၊ ၇၊ ၀ ဂဏန်း၊ ကြာသပတေး၊ စနေနံ အစပြုသော ထီဆိုင်တွေမှာ ထီထိုးပါ။

မိတ်ဆွေရဲ့အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂ နှစ်များတွင်
 အဆင်မပြေဖြစ်မယ်။ အ၀င်ထက် အထွက်ပိုများနေမယ်။ ကြွေးတင်ပြီး ငွေကြေးအမှုအခင်းဖြစ်တတ်တယ်။ ငွေကြေးအဆင်ပြေရန် ယတြာမှာ ခွေးလေခွေးလွင့်များကို မကြာခဏ အစာကျွေးပေးပါ။ ငွေကြေးအခက်အခဲရှိက ငါး (၁၀) ကောင်ကို ရှင်နိုင်တဲ့ရေမှာ လွှတ်ပါ။ လူအသွားအလာများတဲ့လမ်းက ချိုင့်ဖြစ်နေတဲ့နေရာတွေကို ကျောက်ခဲကောက်ပြီး လမ်းဖို့ပါ။ ကျောက်လမ်းခင်းပါ။ မကြာခဏ စေတနာပါပါ ဆောင်ရွက်ခြင်းဖြင့် ငွေရေးကြေးရေး အဆင်ပြေလာမယ်။
 ထီကံရှိသော်လည်း နည်းပါတယ်။ ထီထိုးလိုပါက ၁၊ ၆ ဂဏန်း အကျိုးပေးပါတယ်။ တနင်္ဂနွေ၊ သောကြာအစ ထီဆိုင်မှာ ထိုးပါ။
 
မိတ်ဆွေရဲ့အသက် ၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃ နှစ်များတွင်
 ငွေကြေး အကြိမ်ကြိမ် ဆုံးရှုံးတတ်ပါတယ်။ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုဖြစ်နေမယ်။ ငွေမ၀င် လာဘ်ပိတ်နေတတ်တဲ့ အချိန်မျိုးပါ။ ငွေကြေးအဆင်ပြေဖို့ ယတြာကတော့ မလတ်တဲ့ငါးတွေကို ပြုတ်ပြီး ထမင်းနဲ့ နယ်ကာ ငှက်ပျောရွက်တွင်ထည့်ပြီး လမ်းမှာတွေ့သောခွေးများကို မကြာခဏကျွေးပေးပါ။ ငါး (၁၀) ကောင်း သို့မဟုတ် (၁၀) သား ဘေးမဲ့လွှတ်ပေးပါလေ။
 ထီဝါသနာပါက ၁၊ ၃ က အကျိုးပေးဂဏန်း၊ တနင်္ဂနွေ၊ အင်္ဂါ အမည်ဖြင့် စသော ဆိုင်များမှာ ထီထိုးပါ။ သူတပါးအမည်နှင့် ထိုးပါ။

မိတ်ဆွေရဲ့အသက် ၆၊ ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၄ နှစ်များတွင်
 ငွေကံ အထူးကောင်းပါတယ်။ ငွေဝင်လာတိုင်း အလှူအကြီးအကျယ်လုပ်ပါ။ အလှူရှိရာသွားပါ။ ငွေဝင်လာ လိမ့်မယ်။ ငွေဝင်ရင် လှူပါ။ သုံးပါ။
 ငွေကံကောင်းသဖြင့် ထီပေါက်ခြင်း၊ ငွေဝင်ခြင်းများ မကြာခဏ ကြုံမယ်။ အကျိုးပေးဂဏန်းက ၂၊ ၄၊ ၈၊ ၉  အစထား၍ ထိုးပါ။ ငွေဝင်ထီပေါက်စေတတ်၍ မကြာခဏ လှူပေးပါ။ အလှူအတန်း၊ မင်္ဂလာဆောင်သွားပါ။

မိတ်ဆွေရဲ့အသက် ၇၊ ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇ နှစ်များတွင်
 အခက်အခဲတွေ့တဲ့ ကာလဖြစ်တယ်။ ကိုယ်ပိုင်ငွေကြေးတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ပတ်ဝန်းကျင်ကခွေးတွေကို မလတ်တဲ့ငါးတွေကို ပြုတ်၊ ထမင်းနဲ့ရောနယ်ပြီး မကြာခဏ ကျွေးပါ။ တောင်းရမ်းသူ တွေကို ငွေ မကြာခဏလှူဒါန်းခြင်းဖြင့် ငွေကြေးအဆင်ပြေပါလိမ့်မယ်။
 ယတြာလုပ်ပြီးပါက ထီထိုးနိုင်ပါတယ်။ အင်္ဂါ သို့မဟုတ် ကြာသပတေးနံ နဲ့စသော ဆိုင်ကြီးကြီးမှာ ထီထိုးပါ။ အကျိုးပေးဂဏန်းက ၃၊ ၅ ပါခင်ဗျာ။

အနီဃာဟောန္တု
ဟန်ထွန်းစိုး

ကျန်နေ့သားသမီးများကို ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment